ဖမ်းဆီးခံထားရသည့် တပ်မတော်အရာရှိတစ်ဦး၏ အင်တာဗျူး ဖြေကြားချက်များမှာ လုပ်ကြံဖန်တီးမှုသာဖြစ်

Thursday, June 18, 2020 - 13:30

 

နေပြည်တော်၊ ဇွန် - ၁၈

 

အင်တာဗျူးပြောကြားချက်မှာ ၂၀၁၇ ခုနှစ်၊ မူစလင်အရေးအခင်းအတွင်း မောင်တောမြောက်ခြမ်းမှ မူစလင်ကျေးရွာများတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြောင်း၊ ထိုကဲ့သို့

ဆောင်ရွက်နေချိန် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်တွင် မောင်တောမြို့နယ်၊ ဇင်ပိုင်ညာရွာ၌ ARSA နှင့် ပတ်သက်ဆက်နွယ်သည်ဟုယူဆရသည့် ကျေးရွာသား ၃ ဉီးအား ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသည့် ကျေးရွာသား ၃ ဉီးအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအရာရှိ ပြောကြားထားသည့် စစ်သည်များမှာ အမှတ်(၃၄၅)ခြေမြန် တပ်ရင်းမှ စစ်သည်များဖြစ်သည်မှာ မှန်ကန်သော်လည်း ကျူးလွန်သည်ဟု ပြောကြားထားသည့်ရက်တွင် ၎င်းတပ်မှာ အခြားတစ်နေရာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေပြီး ဖြစ်စဉ်ဖြစ်ပွားသည်ဟု စွပ်စွဲသော ဇင်ပိုင်ညာရွာဝန်းကျင် တစ်ဝိုက်၌မရှိကြောင်း၊ စက်တင်ဘာလ ၄ ရက်တွင်လည်း ၎င်းရွာတွင် တပ်မတော်စစ်ကြောင်းများ ရောက်ရှိခြင်းမရှိသည့်အတွက် ယင်းကျေးရွာသားများ ဖမ်းဆီးခြင်းမရှိကြောင်း၊ အစိုးရနှင့် တပ်မတော်အား နိုင်ငံတကာမှ အထင်လွဲမှား အောင် AA အကြမ်းဖက်သောင်းကျန်းသူတို့မှ ကိုယ်တိုင်ဇာတ်ညွှန်း ရေးသား ဇာတ်တိုက်ပြီး  အရာရှိအား လိမ်လည်ထွက်ဆိုစေခြင်းသာဖြစ်နိုင်ကြောင်း၊ ခြိမ်းခြောက်၍ အမေးအဖြေလုပ်ကြံ ပြောဆိုစေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Share it now!