မိုင်းတွမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့်လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

Thursday, June 18, 2020 - 15:30

 

နေပြည်တော်၊ ဇွန် - ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပူနားကိုကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ

တောင်ယာတဲဟောင်းအနီးသို့အရောက်၌ ခြုံအတွင်းဝှက်ထားသော ဆာလာအိတ် ၆ အိတ်နှင့် ရေခဲပုံး ၁ ပုံးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅.၅၆ ကျည် ၄၃ တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၉၀၀၀ ပြား၊ စပွန်ဆာပုလင်း ၃၄ လုံးအတွင်းမှ ဘိန်းဖြူအမှုန့် ၀.၃၅ ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည်ပုလင်း ၂၀ လုံး(ခန့်မှန်း ၈ လီတာခန့်)၊ တံဆိပ်တုံးမျိုးစုံ ၃၇ ခုနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းနေရာနှင့်အနီးတဝိုက်အား ထပ်မံရှာဖွေရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တောင်ယာတဲ ၁ လုံးအား ထပ်မံတွေ့ရှိ ရပြီး ၎င်းတဲ၏ဝါးကြမ်းခင်းအောက်၌ ဆာလာအိတ် ၁ အိတ်အတွင်းမှ ၁၂ ဗို့ကျည် ၂၃ တောင့်၊ ၅.၅၆ ကျည် ၄၁ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ WY စာတမ်းပါ အစိမ်းရောက်စိတ်ကြွရူးသွပ် ဆေးပြား ၅၅၀၀ ပြားတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ ခန့်မှန်းတန်းဖိုးငွေကျပ် သိန်းပေါင်း ၅၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Share it now!
 

နေပြည်တော်၊ ဇွန် - ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပူနားကိုကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ

တောင်ယာတဲဟောင်းအနီးသို့အရောက်၌ ခြုံအတွင်းဝှက်ထားသော ဆာလာအိတ် ၆ အိတ်နှင့် ရေခဲပုံး ၁ ပုံးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅." data-share-imageurl="">