နေပြည်တော် ၊ ဇွန် - ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် နားကျဲကျေးရွာ၏ အရှေ့ မြောက်ဘက်
မီတာ ၈၀ဝ ခန့်အကွာရှိ လျှိုတစ်ခုအနီးသို့အရောက်၌ ပလတ်စတစ်အိတ်ဖြင့် ပတ်၍ မြေကြီးအတွင်းမြှုပ်နှံထားသည့် အထုပ် ၁ ထုပ်အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၂၂ စနိုက်ပါသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်မျိုးစုံ ၄၄ တောင့်၊ တစ်လုံးထိုးသေနတ် ၁ လက်၊ ဝမ်ချက်စတာသေနတ် ၁ လက်၊ ပွိုင့်-၃၈ ငါးလုံးပြူးသေနတ် ၁ လက်၊WYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀ဝ၀ ပြားနှင့် ဘိန်းဖြူ ဝ ဒသမ ဝ၃ ကီလို ဂရမ်ခန့်၊ ဘိန်းမဲ ၁ ကီလိုဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါး များ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၂၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။