တာချီလိတ်မြို့နယ်၊ နယ်စပ်မျဉ်းအနီး လျှိုတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Sunday, June 21, 2020 - 16:00

 

နေပြည်တော်၊ ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာချီလိတ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၃၀၀ ခန့်အကွာ

နယ်စပ်မျဉ်းအနီးရှိ လျှိုတစ်ခုသို့အရောက် ပလပ်စတစ်အိတ်ဖြင့်ထည့်၍ မြေကြီးအတွင်း ကျင်းတူး၍မြှပ်နှံထားသည့် ပွိုင့်-၄၅ ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျည် ၅ တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ ပြား၊ စိတ်ကြွဆေးပြားအကြေ ၁၀၀ ဂရမ်ခန့်နှင့် ဘိန်းမဲ ၀ ဒသမ ၅ ကီလိုဂရမ်ခန့်(မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇ သိန်းကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းနှင့်မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Share it now!