Monday, June 22, 2020 - 16:15
နေပြည်တော်၊ ဇွန် - ၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့က ယနေ့ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကိုးတန်ကောက် (မွတ်ဆလင်)ကျေးရွာအနီး၌ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရာမှ ထိတွေ့မှုဖြစ်ပွားရာ အကြမ်းဖက်သောင်းကျန်းသူတို့ သေဆုံးဒဏ်ရာရမှုစိစစ်ဆဲဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
Share it now!