ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်

Thursday, July 2, 2020 - 15:00

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ
လုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်)

(၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်)

၁။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် ယနေ့ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ပြီး ၎င်းနေရာ၌ တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

၂။   လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည့် ၎င်းဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် များစွာဝမ်းနည်း­စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

 

                                                                                                                                                              တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Share it now!