ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး၌ ဖမ်းဆီးထားသော ဦးထွန်းအေးမောင်အပါ ၅ ဦးမှ AA အကြမ်းဖက်သောင်းကျန်းသူနှင့် ပတ်သက်ဆက်နွယ်မှုမရှိသူ ၂ ဦးအား ပြန်လည်စေလွှတ်

Monday, July 6, 2020 - 13:15

 

 

နေပြည်တော်၊ ဇူလိုင်လ - ၇

 

၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသော လိုင်စင်မဲ့ ယာဉ်တစ်စီးအား

စစ်ဆေးရာမှ ယာဉ်မောင်း ထွန်းအေးမောင် အပါအဝင် ၄ ဦးအား မသင်္ကာဖွယ်ဖမ်းဆီးခဲ့ပြီး ကျောက်တော် မြို့နယ်ရဲစခန်း၌ ထားရှိ၍ လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဇူလိုင်လ ၄ ရက် စစ်ဆေးချက်များအရ ၎င်းတို့ ၅ ဦးအနက်မှ ဆန်းဝင်းနိုင် သည် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦးဖြစ်ပြီး ဘိုကျော်သန်းသည် ULA အဖွဲ့ဝင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့ ၂ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်လည်းကောင်း၊ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင် ထွန်းအေးမောင် အား ပို့ကုန်/သွင်းကုန် အက်ဥပဒေဖြင့်လည်းကောင်း အမှုဖွင့်လှစ်အရေးယူသွားမည် ဖြစ်ပြီး ဦးအောင်နိုင်စိုးနှင့် ဦးမြင့်ဇော်တို့အား ရပ်မိရပ်ဖများခေါ်ယူကာ ပြန်လည် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Share it now!