ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယအကြိမ် အတည်ပြုစစ်ဆေး၊ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)၊ လုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်

Wednesday, July 8, 2020 - 10:00

 

 

နေပြည်တော်၊ ဇူလိုင် - ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home  Quarantine Facilities  Quarantine စနစ်တကျနေထိုင်ခဲ့သည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဇွန် ၃၀ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ Polymerase Chain Reaction (PCR) နည်းဖြင့် ဓာတ်ခွဲ စစ်ဆေးခဲ့ရာ COVID-19  ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း အတည်ပြုသိရှိရပြီး ယနေ့မှစ၍ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Share it now!