မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဂွေဇ-ခေါင်လန်ဖူး သွားကားလမ်းတွင် လမ်း ပိတ်ဆို့မှုများဖြစ်ပေါ်

Thursday, October 8, 2020 - 13:00

 

နေပြည်တော်၊ အောက်တိုဘာ-၈

         ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် မဂွေဇ-ခေါင်လန်ဖူး လမ်းပိုင်းရှိ မိုင်တိုင် အမှတ်(၂/၀)နှင့် မိုင်တိုင်အမှတ် (၃/၆) တို့တွင် မြေပြိုခြင်း၊ လမ်းပခုံးများ ပြိုကျခြင်း၊ သစ်ပင်များလဲကျခြင်း၊ မိုင်တိုင်အမှတ်(၄/၀)တွင် တံတားအုတ်ခုံကျွံကျ ပျက်စီးခြင်း နှင့် ကားလမ်းအလျား ၁၀ ပေ၊ အကျယ် ၁၈ ပေ၊ အနက် ၆ ပေခန့်ပဲ့ကျ ၍လမ်းပိတ်ဆို့ခြင်းများဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာများတွင် တာဝန်ရှိသူများက လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Share it now!