ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ကားလမ်းပေါ်၌ မြေပြိုကျမှုအား ကူညီဆောင်ရွက်

Thursday, October 8, 2020 - 13:00

 

 

နေပြည်တော်၊ အောက်တိုဘာ - ၈

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ မော်ချီး-တောင်ငူ သွားကားလမ်း လိုခါးလိုကျေးရွာနှင့် မော်ချီး(အောက်)ရွာကြား၌ ယမန်နေ့ နံနက် ၆ နာရီ ခန့်တွင် ပေ ၃၀ အမြင့်ရှိ

မြေသားနံရံပြိုကျမှုကြောင့် ကားလမ်းပေါ်သို့ အကျယ် ၁၂ ပေ၊ အရှည် ၆၀ ပေခန့်ရှိ မြေစာများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖားဆောင်းတပ်နယ်မှ တပ်မတော်သားများ၊ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေစာများအား ဖယ်ရှား ရှင်းလင်းခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ရာ နံနက် ၁၁ နာရီတွင် ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Share it now!