နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၀ဇီရာနန္ဒဓမ္မစင်တာကျောင်းတိုက်ရှိ သံဃာ တော်များ၊ သာမဏေများအား COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး၊ ရောဂါပိုးတွေ့ရှိရခြင်း မရှိ

Thursday, October 8, 2020 - 15:45

 

နေပြည်တော်၊ အောက်တိုဘာ - ၈

          COVID-19  ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ် ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံးကုသမှုများလုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊

ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေမည်ဖြစ်ကြောင်း၊ စောစောစစ်၊ စောစောကု၊ စောစောကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်မည်ဖြစ်ပြီး လက်ရှိအချိန်၌ စာသင်တိုက် များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် ရောဂါကူးစက်မှု နှုန်းမြင့်မားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အားထည့် ဆောင်ရွက်ရန်နှင့် ၎င်းနေရာများကို စစ်ဆေးပေးနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော COVID-19  ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ၀ဇီရာနန္ဒဓမ္မစင်တာ ကျောင်းတိုက်တွင် သတင်းသုံးလျက်ရှိသည့် သံဃာတော်များအနက်မှ သာမဏေ ၁၈ ပါးသည် အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းတွင် အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ကိုယ်အပူချိန်တက် ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသဖြင့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဆေးဝန်ထမ်းတပ်ဖွဲ့များက အဆိုပါကျောင်းတိုက်သို့ သွားရောက်၍ ရဟန်းသံဃာတော် ၁၂ ပါး၊ သာမဏေ ၆၂ ပါး၊ စုစုပေါင်း ၇၄ ပါးတို့ကို ကျန်းမာရေးစစ်ဆေး ပေးပြီး အာခေါင်တို့ဖတ်နမူနာရယူ၍ ဓာတ်ခွဲအတည်ပြုစစ်ဆေးပေးခဲ့ရာ ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းမရှိ(မရှိ)ကြောင်း သိရှိရသည်။

          ဆက်လက်၍လည်း တပ်မတော်မှ ဆေးအဖွဲ့များဖြင့် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အများနှင့်သက်ဆိုင်သောနေရာများတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

         

Share it now!