မန္တလေးမြို့တွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန ပြင်ဆင်ဆောင်ရွက် ပြီးစီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ် သွေးမျိုးစုံလိုအပ်ချက်အတွက် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း

Thursday, October 8, 2020 - 15:45

 

နေပြည်တော်၊ အောက်တိုဘာ - ၈

          အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရောဂါပိုးတွေ့ရှိမှုသည် များများစစ်နိုင်ပါက များများတွေ့နိုင်မည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိရသူများကိုလည်း အမြန်ဆုံးကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဆောင်ရွက်နိုင်ပါက ရောဂါပိုမိုပြန့်ပွားလာစေ မည်ဖြစ်ပြီး စောစောစစ်၊ စောစောကုသ၊ စောစောကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု လမ်းညွှန်မှာကြားခဲ့သည်။၎င်းလမ်းညွှန်မှာကြားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၌ ကုတင်(၂၀၀)ဆံ့ တပ်မတော် COVID-19 လူနာများ ကုသရေးဌာန(မန္တလေး)အား တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ရေးသတ်မှတ် ချက်များနှင့်အညီ COVID-19 လူနာများထားရှိ^ကုသဆောင်များတွင်ရှိရမည့် သတ်မှတ် ချက် အင်္ဂါရပ်များဖြစ်သော ရဟန်းသံဃာနှင့်သီလရှင် သီးခြားကုသဆောင်၊ အမျိုးသား၊ အမျိုးသမီးကုသဆောင်၊ ရေချိုးခန်း၊ ရေအိမ်များအပြင် စားသောက်ရေး အဆင်ပြေ စေရေးအတွက် ထမင်းစားဆောင်များ၊ စားချက်ဆောင်နှင့် ပြင်ဆင်ဆောင်များအား ဆောင်ရွက် ထားရှိပြီဖြစ်ပါသည်။

          COVID-19 လူနာများ၏ ရောဂါအခြေအနေများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး အတွက် Control Room များထားရှိကာ ဆရာဝန်များမှ CCTV ကင်မရာများဖြင့် နေ့ညမပြတ်စောင့်ကြည့်၍ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရေးအတွက် အထူးကြပ်မတ် ဆောင် (ICU) အခန်းများ၊ အရေးပေါ်အသက်ရှူစက်များ၊ အောင်စီဂျင်ဘူးများကိုလည်း ပြည့်စုံစွာ ထည့်သွင်းစီမံပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။ ၎င်းအပြင် COVID-19 လူနာများ ကျန်းမာရေးပြုလုပ်နိုင်ရန် အားကစားကိရိယာများ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။

          ထို့ပြင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ သွေးမျိုးစုံ လိုအပ်လျှက်ရှိကြောင်း သိရှိရသည့်အတွက် ယနေ့နံနက်ပိုင်းတွင် တပ်မတော် COVID-19 လူနာများကုသရေးဌာန(မန္တလေး)၌ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၀၀ ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ ကြသည်။ ယနေ့သွေးလှူဒါန်းမှုမှာ COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း (၁၀) ကြိမ် မြောက် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ် ကြောင်း သိရှိရသည်။

          အဆိုပါ ဇီဝိတဒါနဖြစ်သည့် သွေးလှူဒါန်းမှုအား မန္တလေးတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ကြည့်ရှုအားပေးကြပြီး တပ်မတော် COVID-19 လူနာများကုသရေးဌာန(မန္တလေး) အန္တရာယ်ကင်း ဘေးကင်းစေရန် ပရိတ် တရားတော်များကို ရွတ်ဖတ်ချီးမြှင့်တော်မူရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက နာယူကြည်ညို၍ လှူဖွယ်ဝတ္ထု အစုစုလှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

Share it now!