ကျေးသီးမြို့နယ်၊ မိုင်းနောင်-မိုင်းနင်းသွားကားလမ်းပေါ်၌ ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, October 15, 2020 - 05:15

 

နေပြည်တော်   အောက်တိုဘာ ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီး မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် မိုင်းနောင်-မိုင်းနင်းသွား ကားလမ်း၌ ရပ်တန့်ထားသည့် DONG FENG အမျိုးအစား

ဆီဘောက်ဆာယာဉ်အမှတ်၊ MDY 2R/--- အား တွေ့ရှိသဖြင့် စစ်ဆေးရာ ဆီသိုလှောင်ကန်အကန့်နှစ်ကန့် အတွင်းမှ ဆာလာအိတ်များအတွင်း သိုဝှက်သယ်ဆောင်ထားသည့် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါးအထုပ် ၁၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀) ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များအား လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Share it now!