ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

Saturday, October 17, 2020 - 15:45

 

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၇

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့်အရာရှိကြီးများ လိုက်ပါလျက်ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်ကျောင်းနှင့်ရတနာမာရ်အောင်ကျောင်းတိုက်သို့ သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ၊ ဗဒုမ္မာဆပ်ပြာမွှေးနှင့်လှူဖွယ်ပစ္စည်းများ၊ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။

ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ရွှေစင်မင်းသီလရှင် ကျောင်းဆရာကြီးဒေါ်နန္ဒသိင်္ဂီအမှူးပြုသော ဆရာလေးများအားလည်းကောင်း၊ ရတနာမာရ်အောင်ကျောက်တိုက်ဆရာတော် မန္တလေးတိုင်းဒေသကြီး သံဃနာယက တွဲဖက်အကျိုးတော်ဆောင် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကဝိန္ဒ အမှူးပြုသောဆရာတော်သံဃာတော်များအားလည်းကောင်း သက်ဆိုင်ရာကျောင်းတိုက်များသို့ သွားရောက် ဖူးမြှော်ကန်တော့၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ပဲ၊ မြန်မာစီးပွား ရေးကော်ပိုရေးရှင်းမှထုတ်လုပ်သည့် Mask များနှင့်မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ပဒုမ္မာဆပ်ပြာစက်ရုံမှ ထုတ်လုပ်သည့် ဗဒုမ္မာဆပ်ပြာမွှေးနှင့် လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယနေ့လှူဒါန်းမှုအနေဖြင့် ရွှေစင်မင်းသီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၈၈ ပိဿာ၊ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ ပိဿာ၊ Mask ၆၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၅၀၀ ခဲ၊ ရတနာမာရ်အောင်ကျောင်းတိုက်သို့ ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၈၈ ပိဿာ၊ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ပိဿာ၊ Mask ၃၀၀၀ ခု၊ ဗဒုမ္မာဆပ်ပြာမွှေး ၁၀၀ ခဲ နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

         

         

         

 

Share it now!