သတင်းထုတ်ပြန်ချက်

Friday, October 23, 2020 - 11:30

သတင်းထုတ်ပြန်ချက်

          ၅-၁၀-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦး သေကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်းကို ၁၄-၁၀-၂၀၂၀ ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့ပါသည်။

          တပ်မတော်သားများအနေဖြင့် ကလေးသူငယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေး ဥပဒေပါပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်မှုမရှိစေရေးအတွက်လည်း ကွပ်ကဲမှုအလိုက် ကြပ်မတ်ဆောင်ရွက်ရန်တို့ကို ၂၂-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားထားရှိပြီး ဖြစ်ပါသည်။

          ဖြစ်စဉ်နှင့် စပ်လျဉ်း၍ UNCTFMR က သတင်းမထုတ်ပြန်မီကပင် တပ်မတော်  အနေဖြင့် ကနဦး စိစစ်ချက်များပြုလုပ်ခဲ့ပြီး ကနဦးစိစစ်တင်ပြချက်အပေါ် ဖြစ်စဉ် မှန်ကန်တိကျမှု ရှိ/မရှိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အသေးစိတ် စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကိုလည်း ဆက်လက် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Share it now!