တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးသက်လွင်(ကဗျာ/စာရေးဆရာမောင်ငွေလှိုင်း)ထံသို့ ဂါရ၀ပြုငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

Tuesday, November 3, 2020 - 14:45

 

နေပြည်တော်၊ နိုဝင်ဘာ - ၃

          ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်(၃)ရပ်ကွက်၊ ခေမာသီ လမ်းသွယ်(၁)၊ အိမ်အမှတ်(၁၅)နေ မြကျွန်းညိုညို တက္ကသိုလ်သီချင်းအား ရေးသားခဲ့သူ ဦးသက်လွင်(ကဗျာ/စာရေးဆရာ မောင်ငွေလှိုင်း)ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂါရ၀ပြုငွေ၊ စားသောက်ဖွယ်ရာများ ပေးပို့ခဲ့သည်။

          ထိုသို့ ပေးပို့ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေကျပ်သိန်း ၂၀ ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဦးသက်လွင် နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တပ်မတော်မှ ပါရဂူအဖွဲ့များဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးသက်လွင် က ၎င်းကိုယ်တိုင်ရေးစပ်ခဲ့သော မြကျွန်းညိုညို တက္ကသိုလ်သီချင်းအား စန္ဒယားဖြင့် တီးခတ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များက လိုက်လံသီဆိုခဲ့ကြသည်။

          ဦးသက်လွင် သည် ၁-၆-၁၉၃၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ဒုတိယနှစ် ဥပစာသိပ္ပံ(ခ)I. Sc(B)သင်တန်းအောင်မြင်ပြီးချိန် ၁၉၅၉ ခုနှစ်တွင် မြကျွန်းညိုညိုတက္ကသိုလ်သီချင်းကို ရေးသားခဲ့ပြီး၁၉၆၄ ခုနှစ်၊ စီးပွားရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြဆရာတာဝန် ထမ်းဆောင်စဉ် စန္ဒယားကိုလှနီ ဂီတစာဆိုတူရိယာဝိုင်းနှင့် အတူ မြကျွန်းညိုညိုတက္ကသိုလ် သီချင်းကို ဓာတ်ပြားသွင်း၍ ၁၉၆၅ ခုနှစ်တွင် ဓာတ်ပြား ရရှိကာ မြန်မာ့အသံမှ စတင် ထုတ်လွှင့်ခဲ့ကြောင်း၊  ဦးသက်လွင်သည် မြကျွန်းညိုညိုတက္ကသိုလ်သီချင်းအပါအဝင် သီချင်း ၆ ပုဒ် သီကုံးရေးစပ်ခဲ့ပြီး မောင်ငွေလှိုင်း အမည်ဖြင့် သီချင်းများရေးစပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်မှစ၍ စီးပွားရေးတက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနတွင် တာဝန်များ အဆင့်ဆင့်ထမ်းဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့ကြောင်း၊ လက်ရှိတွင် သမီးဖြစ်သူ မိသားစုနှင့်အတူနေထိုင်လျက်ရှိကြောင်း  သတင်းရရှိသည်။

         

Share it now!
 

နေပြည်တော်၊ နိုဝင်ဘာ - ၃

          ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်(၃)ရပ်ကွက်၊ ခေမာသီ လမ်းသွယ်(၁)၊ အိမ်အမှတ်(၁၅)နေ မြကျွန်းညိုညို တက္ကသိုလ်သီချင်းအား ရေးသားခဲ့သူ ဦးသက်လွင်(ကဗျာ/စာရေးဆရာ မောင်ငွေလှိုင်း)ထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂါရ၀ပြုငွေ၊ စားသောက်ဖွယ်ရာများ ပေးပို့ခဲ့သည်။

          ထိုသို့ ပေးပို့ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေကျပ်သိန်း ၂၀ ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဦးသက်လွင် နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး တပ်မတော်မှ ပါရဂူအဖွဲ့များဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးသက်လွင် က ၎င်းကိုယ်တိုင်ရေးစပ်ခဲ့သော မြကျွန်းညိုညို တက္ကသိုလ်သီချင်းအား စန္ဒယားဖြင့် တီးခတ်ခဲ့ပြီး ၎င်း၏မိသားစုဝင်များက လိုက်လံသီဆိုခဲ့ကြသည်။

          ဦးသက်လွင် သည် ၁-၆-၁၉၃၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်၌ မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ဒုတိယနှစ် ဥပစာသိပ္ပံ(ခ)I." data-share-imageurl="">