တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား Video Tele Conference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

Tuesday, November 3, 2020 - 16:00

 

နေပြည်တော်၊ နိုဝင်ဘာ - ၃

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E.Army General Sergey Kuzhugetovich Shoigu အား Video Tele Conference(VTC) မှတစ်ဆင့်တွေ့ဆုံဆွေးနွေးသည်။

          အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယ ကာကွယ်ရေးဝန်ကြီး  Colonel General Alexander V.Fomin  နှင့် FSMTC ညွှန်ကြားရေးမှူး Dmitry E. SHUGAEV တို့ တက်ရောက်ကြသည်။

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီးနောက် ဆွေးနွေးပြောကြားကြရာတွင် ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင်ပါမောက္ခ” Honorary Professor of the Russian Military University အဖြစ် ဂုဏ်ပြုချီးမြင့်ခြင်း၊ Institute of Oriental Studies, Russian Academy of Science က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) ချီးမြှင့်ခြင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical  Cooperation(FSMTC) က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်း စသည့် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ် ၃ မျိုးတို့ကို ပေးအပ်ချီးမြင့်ခဲ့သည့် အခြေအနေကို အသိပေးပြောကြားပြီး  ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းဦးစွာပြောကြားသည်။  ထို့နောက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပထဝီ အနေအထားအရ ဝေးကွာကြ သော်လည်း တပ်မတော်နှစ်ရပ်အကြား ညီရင်းအကိုပမာ ဆက်ဆံရေးရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် International Army Game-2020 နှင့် မဟာဗျူဟာမြောက်စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020 (Causasus-2020) တို့သို့ မြန်မာ့တပ်မတော်မှ ပါဝင်လေ့ကျင့်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ (COVID-19) ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်  စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

         

         

Share it now!
 

နေပြည်တော်၊ နိုဝင်ဘာ - ၃

          တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H." data-share-imageurl="">