တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ  ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်

Tuesday, November 3, 2020 - 16:15

 

နေပြည်တော်၊ နိုဝင်ဘာ - ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေး ရှင်းနိုင်ငံမှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

ဂုဏ်ပြုချီးမြှင့်သော ဘွဲ့တံဆိပ်များမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical  Cooperation(FSMTC) က ဂုဏ်ထူး ဆောင်တံဆိပ်၊  ဩဂုတ်လ ၂၀ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဘက် ဆိုင်ရာတက္ကသိုလ်၏ ပညာရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ဘက်ဆိုင်ရာတက္ကသိုလ်၏ “ဂုဏ်ထူးဆောင်ပါမောက္ခ Honorary Professor of the Russian Military University” စက်တင်ဘာလ ၄ ရက်တွင်    Institute of Oriental Studies, Russian Academy of Science “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) တို့ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Share it now!