ဒေသခံပြည်သူတစ်ဦး AAအကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိ

Saturday, November 7, 2020 - 06:45

 

နေပြည်တော်၊ နိုဝင်ဘာ - ၇

           ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ မစန္ဒာအေး (၁၈)နှစ်၊ (ဘ)ဦးဝင်းနိုင်သည် နိုဝင်ဘာ ၄ ရက်တွင် ကျေးရွာအနီးပတ်ဝန်းကျင်၌ ကတတ်ဥ လိုက်လံရှာဖွေတူးဖော်စဉ် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ကျေးရွာ၏မြောက်ဘက် မီတာ ၁၀၀၀ ခန့်နေရာ တောတွင်းသို့အရောက် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး မစန္ဒာအေးတွင် ဘယ်ခြေထောက် ဒူးအောက်ပြတ်

ဒဏ်ရာ၊ ညာခြေထောက်မိုင်းထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

          အဆိုပါမိုင်းထိဒဏ်ရာရရှိခဲ့သည့် မစန္ဒာအေးသည် ကျောက်တော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိပြီး အဆိုပါနယ်မြေအတွင်း AA အကြမ်းဖက် သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချီတတ်လာနိုင်သည့် နေရာများတွင် ထိုကဲ့သို့ နင်းမိုင်းများထောင်ခြင်းနှင့် ရီမုမိုင်းများဖြင့် ချောင်းမြောင်းဖောက်ခွဲ တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

         

Share it now!