AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ပတ်သက်၍ လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ဒေသခံအမျိုးသား ၄ ဦးအား ပြန်လည်လွှဲပြောင်း

Saturday, November 7, 2020 - 13:00

 

နေပြည်တော်၊ နိုဝင်ဘာ  - ၇

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းတွင် ပလ္လင်ပြင်(ရွာမ) ကျေးရွာနှင့်ပလ္လင်ပြင်(ပိုက်ဆိပ်)ကျေးရွာတို့၌ အကြမ်းဖက်မှု ချေမှုန်းရေးဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူ များနှင့်ပတ်သက်၍ လိုအပ်သည်များစုံစမ်းစစ်ဆေးနိုင်ရန်အတွက်

ပလ္လင်ပြင်(ရွာမ)ကျေးရွာနေသူများဖြစ်ကြသည့် ဦးသာထွန်းလှ၊ (၆၂)နှစ်၊ (ဘ) ဦးမြထွန်းဦး၊ ဦးမောင်ထွန်းချေ၊ (၅၀)နှစ်၊(ဘ)ဦးထွန်းလှ၊ ဦးထွန်းကျော်လှိုင်၊(၅၁)နှစ်၊ (ဘ) ဦးအောင်ချမ်းသာနှင့် ပလ္လင်ပြင်(ပိုက်ဆိပ်)ကျေးရွာနေ ဦးကျော်ဝင်းချေ၊(၃၆)နှစ်၊ (ဘ) ဦးမောင်သိန်းတို့ ၄ ဦးအားခေတ္တခေါ်ယူ၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

          အဆိုပါဒေသခံ ၄ ဦးအား လိုအပ်သည်များစုံစမ်းစစ်ဆေးပြီးနောက် နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် အောင်ဒိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်မြစိန်နှင့် ပလ္လင်(ရွာမ) ကျေးရွာ ရာအိမ်မှူး ဦးမောင်လှသာထံသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Share it now!