ရမ်းဗြဲမြို့နယ် တန်းဇင်းမြစ်အတွင်း တပ်မတော်စစ်ရေယာဉ်အား ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့စဉ် ပါဝင်ခဲ့သည့်AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးရမိ

Monday, November 9, 2020 - 12:30

 

နေပြည်တော်၊ နိုဝင်ဘာ-၉

          ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တန်းဇင်းမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်များအား နိုဝင်ဘာ ၂ ရက် နေ့လယ် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက

ကုလားဘုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ခန့် အကွာနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များ နှောက်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများသည် စက်လှေတစ်စီးဖြင့် ပေါက်ပြင်ကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

          အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူများ ထွက်ပြေးသွားသော ကျေးရွာဝန်း ကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂ ရက်တွင် တပ်မတော်စစ်ရေယာဉ်အား နှောင့်ယှက် ပစ်ခတ်မှုတွင်၌ပါဝင်သော AA အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် ကုလားဘုန်းကျေးရွာနေ ညီထွေး(ဘ) ဦးကျော်ဝင်းနှင့် အောင်ဌေးဝင်း (ဘ) ဦးအောင်ထွန်းစိန်တို့ နှစ်ဦးအား နိုဝင်ဘာ ၃ ရက်တွင် ကုလားဘုန်းကျေးရွာ၌ လည်းကောင်း၊ စနဲမြို့၊ ရွှေဟင်္သာ ရပ်ကွက်နေ ငြိမ်းတောင်(ဘ) ဦးမောင်ရွှေအေး ၊ အောင်ထွန်း လင်း(ဘ) ဦးသိန်းထွန်း နှင့် ထွန်းလှ (ဘ) ဦးကျော်သန်း တို့သုံးဦးအား နိုဝင်ဘာ ၄ ရက်တွင် ဒေသအခေါ် ကျွန်းတောင်ပိုက်ဆိပ်နေရာ၌ လည်းကောင်း၊ ကုလားဘုန်းကျေးရွာနေ ထွန်းမင်းစိုး (ဘ) ဦးထွန်းရင်ဦး ၊ ညီညီ(ခ) စွမ်းထက်ပိုင်(ဘ) ဦးထွန်းရင်ဦး နှင့် စိုးမောင်(ဘ) ဦးစိုးလှမောင် တို့ သုံး ဦးအား နိုဝင်ဘာ ၇ ရက်တွင် ကုလားဘုန်းကျေးရွာ၌လည်းကောင်း၊ စုစုပေါင်း AA အကြမ်းဖက် သောင်းကျန်းသူ ၈ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

          အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူများအား ကျောက်ဖြူမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Share it now!