မောင်တောမြို့နယ်တွင် ဘင်္ဂါလီတစ်ဦးအား သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုဖြစ်ပွား

Monday, November 16, 2020 - 12:15

 

နေပြည်တော်၊ နိုဝင်ဘာ-၁၆

          ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုး မာမတ်အာရာစ်(ဘ) မာမက်အာလီးယာစ်၊ မြို့မကညင်တန်းရပ်ကွက်၊ မောင်တောမြို့နှင့်မော်ဂျူရာမာန်(ဘ) (စိစစ်ဆဲ)၊ ဗိုလ်မှူးရွာ၊မောင်တောမြို့နယ်နေသူ

တို့သည် နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် ကျွဲ၊နွား အရောင်းအဝယ်ပြုလုပ်ရန် မောင်တောမြို့နယ်၊ ပန်းတောပြင် အရှေ့ကျေးရွာကားလမ်းမအနီး၌ စောင့်ဆိုင်းနေစဉ် မောင်တောမြို့ဘက်မှ အမည်မသိ လူ ၂ ဦး လိုက်ပါလာသော Mark II အမျိုးအစား မော်တော်ယာဉ် တစ်စီး ရောက်ရှိလာပြီး ၎င်း၏အမည်အားမေးမြန်းသဖြင့် ပြန်လည်ဖြေကြားစဉ် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦးအနက်တစ်ဦးသည် မော်တော်ယာဉ်ပေါ်မှ ဆင်းလာပြီး၎င်းတို့အား သေနတ်အတို (အမျိုးအစားစိစစ်ဆဲ)ဖြင့်ချိန်ရွယ်သဖြင့် ထွက်ပြေးခဲ့ရာ နောက်မှလိုက်လံပစ်ခတ်ခဲ့ သဖြင့် မာမတ်အာရာစ်မှာသေနတ် ဒဏ်ရာရရှိခဲ့ပြီးမော်ဂျူရာမာန်မှာ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်းနှင့် သေနတ်ဖြင့်လိုက်လံပစ်ခတ်သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် မကျီးချောင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

Share it now!