မြောက်ဥက္ကလာပမြို့နယ်အတွင်း တပ်မတော်သားအယောင်ဆောင်သူတစ်ဦး အားဖမ်းဆီးရမိ

Monday, November 16, 2020 - 12:30

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

        ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်း၊ အောင်စတိုးဆိုင်ရှေ့၌ နိုဝင်ဘာ ၁၃ ရက် ညနေ ၆ နာရီခန့် တွင် တပ်မတော်မှ ဗိုလ်မှူးအဆင့်တံဆိပ်အမှတ်အသားပါ ယူနီဖောင်းဝတ်ဆင် ထားသူတစ်ဦးအား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် သက်သေများ ရှေ့၌စစ်ဆေးမေးမြန်းရာ ၎င်းမှာ တပ်မတော်သားတစ်ဦးမဟုတ်ဘဲ ကျော်ကျော်မျိုး၊ (၃၃)နှစ်၊ ကျပန်း၊ ကင်ပွန်းချောင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ မွန်ပြည်နယ် နေသူဖြစ်ကြောင်းစစ်ဆေးသိရှိရသည်။

        အဆိုပါ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူမဟုတ်ဘဲ တပ်မတော် သားဟုယုံကြည်စေရန်ရည်ရွယ်၍ တပ်မတော်သားများ၏ စစ်ဝတ်တန်ဆာ အားဝတ်ဆင်ခြင်းနှင့် စစ်အမှတ်အသားတံဆိပ်များကိုကိုင်ဆောင်သွားလာ နေသူ ကျော်ကျော်မျိုးအား မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှ (ပ)၁၆၂၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

 

Share it now!