မောင်တောမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ

Tuesday, November 17, 2020 - 12:45

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည်  ယနေ့ နေ့လယ် ၁ နာရီကျော်ခန့်တွင်

လိပ်ရလမ်းဆုံအနီးအရောက်၌ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသော ကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး  ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။       

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မောင်တောမြို့နယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Share it now!