ငါးကန်စောင့်နေသည့် ဘင်္ဂါလီများအား အမည်မသိဘင်္ဂါလီ ၃ ဦးက လက်နက်ငယ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်

Wednesday, June 10, 2020 - 07:15

 

နေပြည်တော် ၊ ဇွန်- ၃
    
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်(မြောက်)ကျေးရွာအနီးရှိ ငါးကန်၌ ငါးကန်စောင့်အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂါလီ အမျိုးသားများအား ဇွန် ၁ ရက် နေ့လယ်ပိုင်းတွင် အမည်မသိဘင်္ဂါလီ ၃ ဦးက လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘင်္ဂါလီ ၁ ဦး သေဆုံးသွားကြောင်း ရွက်ညိုတောင်(မြောက်)ကျေးရွာတာဝန်ခံမှ သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားခဲ့သည်။
    
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောင်(မြောက်)ကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်ရှိ ငါးကန်၌ အဒူမာလိတ်(ဘ)အဒူနော်ဘီ၊ နူမာမက်(ဘ) မာမက်ရှော်ဘီ၊ ကူလ’ာမြာ(ဘ)အာဘူခါဆင်း နှင့် အီမာဟူဆင်း(ဘ)အာမီရာဟူ တို့ ၄ ဦးသည် ဇွန် ၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ငါးကန်စောင့်နေစဉ် အမည်မသိဘင်္ဂါလီ ၃ ဦး ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး အသင့်ပါလာသော ပစ္စတိုသေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ် သွားခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် အဒူမာလိတ်(၄၆)နှစ်(ဘ)အဒူနော်ဘီ မှာ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်ချောင်းနယ်မြေရဲစခန်းမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Share it now!