မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပွား

Wednesday, June 10, 2020 - 07:15

 

နေပြည်တော်၊ ဇွန်လ - ၄
    
ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ခွဲခန့်တွင် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားသို့ အရောက်၌ မီးဒိုက် ကျေးရွာဘက်မှ နယ်စပ်ခြံစည်းရိုးဘက်သို့ထွက်ခွာလာသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၂၅ ဦးခန့်နှင့် ညနေ ၅ နာရီအထိ  အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
    
ဖြစ်စဉ်တွင် ARSAအစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံမှ ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်းကို ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊  ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Share it now!