Wednesday, June 10, 2020 - 07:15
နေပြည်တော် ၊ ဇွန် - ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်း ကျေးရွာတွင် နေထိုင်သည့် ဦးရွှေဝင်း(ဘ)ဦးဝိဇေယျ သည် ယနေ့နေ့လယ် ၂ နာရီခွဲခန့်တွင် ကျေးရွာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းနေရာတွင် ပြောင်းစိုက်ပျိုးနေစဉ် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့မှ လက်နက်ငယ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့ရာ ၎င်းတွင် ညာဘက်ရင်အုံဖောက်ထွက် ၁ ချက်၊ ဘယ်၊ ညာမျက်လုံးဖောက်ထွက် ၂ ချက် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါသေဆုံးနေသူအား ဇနီးဖြစ်သူ ဒေါ်နန်းခမ်းအေး ညနေ ၃ နာရီခန့်တွင် တွေ့မြင်ခဲ့သဖြင့် ဖုန်းဖြင့် အကြောင်းကြားခဲ့ရာ နမ့်ခုံးပရဟိတလူမှုကုညီရေးအသင်းမှ တာဝန်ရှိသူများက ကျောက်မဲပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
Share it now!