အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

Wednesday, June 10, 2020 - 04:45

 

နေပြည်တော်၊ ဇွန် - ၁၀
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ဇွန် ၉ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်း ကျန်းသူများက အမြင့်ကျွန်းကျေးရွာအနီးသို့အရောက်၌ လက်နက်ကြီး/လက်နက်ငယ်များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    
ဖြစ်စဉ်မှာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးသည် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက် ရန် ဇွန် ၉ ရက် ည ၁၀ နာရီခန့်တွင် စစ်တွေမြို့မှ ပုဏ္ဍားကျွန်းမြို့ဘက်သို့ မြင်းဝါချောင်း အတိုင်း ထွက်ခွာလာစဉ် ည ၁၂ နာရီခန့်တွင် အမြင့်ကျွန်းကျေးရွာအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် သဖြင့် လုံခြုံရေးလိုက်ပါလာသည့် တပ်ဖွဲ့ဝင်များနှင့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
    
အဆိုပါဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
    
အလားတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင်လည်း စစ်တွေမြို့မှ ပလက်ဝမြို့သို့ စစ်သည်၊ မိသားစုများ စားသုံးရန်အတွက် ရိက္ခာပို့ဆောင်ခြင်းနှင့် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာလာသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအား ကျောက်တော် မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် တင်းမကျေးရွာတို့အနီးတို့မှ AA အကြမ်းဖက်သောင်းကျန်းသူ များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

Share it now!