AA အကြမ်းဖက်သောင်းကျန်းသူစခန်းမှ ထွက်ပြေးလာသည့်အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိ

Tuesday, June 16, 2020 - 05:00

 

နေပြည်တော်၊ ဇွန် - ၁၃
    
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေး လိုအပ်သည့် လုံခြုံရေးနှင့် စစ်ဆေးရေးများ ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကစ္ဆပနဒီတံတားအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအား ဖမ်းဆီး

ရမိခဲ့သည်။
    
ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းများက ကစ္ဆပနဒီတံတားအနီး စစ်ဆေး ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့မှ မြောက်ဦးမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသော မောင်ဝေယံစိုး အသက် ၂၂ နှစ်(ဘ)ဦးမဲလုံး နှင့် မောင်လှချေ အသက် ၂၄ နှစ် (ဘ) ဦးမောင်ဖြူ တို့ ၂ ဦး တို့ကို မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ဝင်ရောက် သင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်းကျေးရွာအနီးတစ်ဝိုက် တောင်ကုန်းတွင်ရှိသော AA  အကြမ်းဖက် သောင်းကျန်းသူစခန်း၌ နေထိုင်ခဲ့ပြီး ၎င်းစခန်းမှ ဇွန်လ ပထမပတ်တွင် ထွက်ပြေးခဲ့ကာ ကျောက်တော်မြို့မှတစ်ဆင့် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်မှုများ ကြုံတွေ့ကာ ကစဉ့်ကလျား  ဆုတ်ခွာထွက်ပြေးမှုများကြောင့် တပ်ဖွဲ့ဝင်များသည် စိတ်ဓာတ်ကျဆင်းပြီး ယခုကဲ့သို့ ထွက်ပြေးလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိ ၂ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Share it now!